ကာလိ ဒီဇင်ဘာ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်တွင် ကျင်းပခဲ့ကြောင်းသိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ထင်ထင်ကျော်က ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုဟုတများရရှိစေရန်နှင့် မျိုးဆက်သစ်လူငယ်များ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ဆောင်ရွက်ရခြင်းဖြစ်ပြီး "လူ့စိတ်လူ့သဘော"၊ မိမိတို့ဘဝလှပစေရန်"နှင့်"အကောင်းနှင့်အဆိုး"စသည့်အသိပညာပေးအကြောင်းအရာများကို ရှင်းလင်းဟောကြားခဲ့ပြီး၊ အခြေ ခံပညာဦးစီးဌာနမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မီမီကိုလင်းက ကျောင်းသား/ကျောင်းသူများကို ပြည့်သူ့စာကြည့်တိုက်တွင် အသိပညာဗဟုသုတများရရှိစေသည့် ဟောပြောပွဲများ၊ ဗဟုသုတရရှိမည့် မူးယစ်အန္တရာယ်ဆိုင်ရာ သိကောင်းစရာများ၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ နံရံကပ်စာစောင်များ နှင့် Mini Museum (ပြတိုက်ငယ်) များလေ့လာခွင့်ရသည့်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ဝန်ထမ်းမျးအား ကျေးဇူးတင်ရှိကြောင်းပြောကြားပြီး ဟောပြောပွဲကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ကာလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ကျောင်းသူများ အသိပညာ ဗဟုသုတရရှိစေရန် အသိပညာပေးဆွေးနွေးခြင်း၊ စာအုပ်/စာစောင်များ အခမဲ့ငှားရမ်းပေးခြင်း၊ ပြပွဲ/ပြိုင်ပွဲများ ကျင်းပပေးခြင်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ထင်ထင် (ကာလိ၊ပြန်/ဆက်)