မော်လမြိုင် ဒီဇင်ဘာ ၉
မော်လမြိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် အမှတ် ၉ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စုတို့ ပူးပေါင်း၍ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ လူကုန်ကူးမှုအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတများ တိုပွားရရှိ ကြစေရေး စာဖတ်ရှိန်မြင့်မားလာစေရေး အသိပညာပေး ဟောပြောပေးခဲ့ပြီး အမှတ် ၉ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စု ရဲအုပ်ချစ်ချစ်စိုးက လူကုန်ကူးမှုဖြစ်ပွားစေသော အဓိက အကြောင်းအရင်းများ၊ လူကုန်ကူးသူများ အသုံးပြုသည့် နည်းလမ်းများ၊ လူကုန်ကူးသူများ အဓိကပစ်မှတ်ထားသည့် နေရာများ၊ လူကုန်ကူးခြင်း ခံရနိုင်သူများ၏ အခြေအနေ၊ လူကုန် ကူးခြင်းခံရသူတွေအနေနဲ့ ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ ဆိုးကျိုးများ၊ လူကုန်ကူးမှု ကျူးလွန်သူများ၏ ပြစ်မှု၊ ပြစ်ဒဏ်များနှင့် လူကုန်ကူးခြင်းခံရမှုများ လျော့နည်းပပျောက်သွား အောင် ဆောင်ရွက်သင့်သည့် အချက်များ စသည့်အကြောင်းအရာများအား အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။
ထိုနောက် ဟောပြောပွဲသို့ တက်ရောက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ တာ၀န်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး အသိပညာ ပေး လက်ကမ်းစာစောင်များနှင့် နံရံကပ်စာစောင်များအား စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှု ခဲ့ကြကြောင်း သိရသည်။
ခင်စန်းမြင့်