လှိုင်သာယာ(အရှေ့ပိုင်း) စက်တင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ကိုဗစ်−၁၉ ရောဂါဖြစ်ပွားခဲ့သော ရှမ်းချောင်းကျေးရွာနှင့် ကစင်ကျေးရွာ(၂၃)အပိုင်းမှ Lock down ချခံထားရသော အိမ်ထောင်စုများ စားဝတ်နေရေး အဆင် ပြေစေရန် အတွက် လှိုင်သာယာမြို့နယ် မိုဘိုင်းဖုန်းလုပ်ငန်းရှင်များအသင်းနှင့် လွှတ်တော်ကိုယ်စားလှယ်ရုံးတို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲပိုင်းက စားသောက်ကုန်များ ဖြန့်ဝေလှူဒါန်း ပေးခဲ့ကြ သည်။
ထိုသို့ ဖြန့်ဝေရာတွင် ရှမ်းချောင်းကျေးရွာနှင့် ကစင်ကျေးရွာ(၂၃)အပိုင်းရှိ Lock down ချထားသော အိမ်ထောင်စုများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ဆန်၊ ဆီ၊ ကြက်ဥများကို သွားရောက်ဖြန့်ဝေ လှူဒါန်းကာ ၎င်း Lock down ချထားသော အိမ်ထောင်စုများကို Hand Speaker ဖြင့် အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရှိရသည်။
ထွန်းထွန်းနိုင်(ပြန် /ဆက်)