ပေါက်တော ဒီဇင်ဘာ ၉
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့တို့ပူးပေါင်း၍ (Community Centre) တွင် ကျောင်းသား၊ လူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်များ ရရှိစေရေး၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရေး၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရန်ရည်ရွယ်၍ စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသည့် ခေါင်းဆောင်မှုနဲ့စီမံခြင်းစာအုပ်ဖြင့်ယနေ့ နံနက် ၁၁ နာရီက စာဖတ်ဝိုင်း ကျင်းပသည်။
အဆိုပါ စာဖတ်ဝိုင်းကိုစာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့၀င် မသန်းသန်းနွယ်နှင့် အဖွဲ့ဝင်များက စာအုပ်ပါခေါင်းစဥ်များမှ တန်ဖိုးရှိတဲ့ဘဝ၊ စိတ်အလှကို ပြကြပြိုင်ကြပါ၊ ပူပင်စရာမရှိ၊အဆင်းနှင့်အတက် စသည့်အကြောင်းအရာများကို တက်ရောက် လာသော စာပေဝါသနာရှင်များအချင်းချင်း အမြင်ခြင်းဖလှယ်ကာအပြန်အလှန် ဆွေးနွေးကြ ကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)