ကျောက်ဆည် ဒီဇင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျောက်ဆည်ခရိုင်နှင့် ခရိုင်ကြီးကြပ်မှုအောက်ရှိဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်မားရေး ငွေစာရင်းထိန်းသိမ်းနည်း သင်တန်းကို ယနေ့နံနက် (၉) နာရီခွဲက ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ခရိုင်စာရင်းစစ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်စိုးက ဘဏ္ဍာရေးစည်းမျဉ်း အဓိပ္ပာယ်၊ ရငွေကောက်ခံခြင်း၊ လက်ခံခြင်း၊ ပေးသွင်းခြင်း၊ ထိန်းသိမ်းခြင်းနှင့် စာရင်းရေးသွင်းခြင်း ဆိုင်ရာ စည်းကမ်းချက်များ၊ အသုံးစရိတ်များ ကျခံသုံးစွဲခြင်းနှင့် စပ်လျဉ်းသည့် စည်းကမ်းချက်များ၊ လစာနှင့် စရိတ်အခြေခံမူများ၊ လစာငွေတောင်းခံလွှာများ ပြင်ဆင်ရေးဆွဲရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ စသည့် ဘဏ္ဍာရေးစည်းမျဉ်းများအကြောင်းနှင့် ဦးစီးအရာရှိ ဒေါ်တင်မာခိုင်က ရငွေနှင့်သုံးငွေများ၊ ပိုလျှံငွေများ ပြန်လည်ပေးအပ်ခြင်း၊ ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း စသည့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများအကြောင်း၊ ဘဏ်များတွင် စာရင်းဖွင့်ရန်နှင့် ပိတ်ရန်နည်းလမ်း များ၊ ရန်ပုံငွေလွှဲအပ်စာရင်း ပြင်ဆင်ရေးဆွဲခြင်း၊ ငွေစာရင်းထိန်းသိမ်းထားရှိခြင်း စသည့် ငွေစာရင်း ထိန်းသိမ်းရေးနည်းလမ်းများအကြာင်း စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြေင်း သိရှိရ သည်။
အဆိုပါသင်တန်းသို့ ကျောက်ဆည်ခရိုင်နှင့် ခရိုင်ကြီးကြပ်မှုအောက်ရှိ စဉ့်ကိုင်၊ မြစ်သား၊ တံတားဦး မြို့နယ်များရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိများ၊ ဒုတိယဦးစီးမှူးများ၊ အကြီးတန်းစာရေးများ၊ ရုပ်သံကျွမ်းကျင် (၃) နှင့် အငယ်တန်းစာရေး ဝန်ထမ်းများ တက်ရောက်ခဲ့ပြီး သင်တန်းကာလမှ ဒီဇင်ဘာ (၉) ရက်နေ့မှ (၁၂) ရက်နေ့အထိ (၃) ရက် ကြာ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)