ဘူးသီးတောင်မြို့ လူထုအခြေပြုဗဟိုဌာနတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

ဘူးသီးတောင်  ဒီဇင်ဘာ ၉

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ညနေ ၃ နာရီခွဲအချိန်က ဘူးသီးတောင်မြို့ လူထုအခြေ ပြုဗဟိုဌာန(Community Centre) ခန်းမ၌ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဘူးသီးတောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်စောမိုးကလွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် ဆုရွေးချယ်ရာတွင်ပါဝင်သည့် အချက်များအား ရှင်းလင်းပြောကြားပြီး စာစီစာကုံးပြိုင်ပွဲကို ဆက်လက် ကျင်းပခဲ့သည်။

ထို့နောက် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသား/ကျောင်းသူများနှင့် ပြိုင်ပွဲဝင်ကျောင်းသား /ကျောင်းသူများအား ဒုတိယဦးစီးမှူး ဒေါ်ခင်စောမိုးနှင့်ဝန်ထမ်းများက ဂုဏ်ပြုဆုများ အသီးသီးပေအပ်ချီးမြှင့်ခဲကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ သတ္တမတန်းကျောင်းသား/များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

လှကျော်(ပြန်/ဆက်)