ပေါင် ဒီဇင်ဘာ ၈
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် သထုံခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အထက သဲကုန်းနှင့်အထကခွဲ ကတွန်ကျေးရွာတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သထုံခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှုး ဒေါ်ဖြိုးမို့အောင်က ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားသည်။
ဆက်လက်၍ ဒုတိယဦးစီးမှုး ဒေါ်ဖြိုးမို့အောင်က စွန့်ပစ်အမှိုက်များကြာင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုမဖြစ်စေရေး စနစ်တကျစွန့်ပစ်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လက်ထောက်ဦးစီးမှုး ဒေါ်ရွှေဝတ်မှုံက ရေချွေတာသုံးစွဲရေးခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းအုပ်ဆရာကြီးများက ကျေးဇူးတင်စကားပြောကြားခဲ့ကြကြောင်း သတင်းရသည်။
မြို့နယ်(ပြန်/ဆက်)