အမရပူရမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး ပုံပြောပြိုင်ပွဲကျင်းပ

အမရပူရ ဒီဇင်ဘာ  

မန္တလေးတိုင်းဒေသကြီးအမရပူရမြို့နယ် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး ပုံပြောပြိုင်ပွဲကို ယနေ့မွန်းလွဲ (၂) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲနှင့်ပတ်သက်ပြီး စည်ကမ်းချက်များကို ဦးစီးအရာရှိက ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ ပြိုင်ပွဲတွင် မူလတန်းအဆင့်ကလေးငယ်များမှ ပုံပြင်များ အပြိုင်ပြောဆိုခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်လှနှင့် စာကြည့်တိုက် တာဝန်ခံ ဒေါ်သန္တာထွန်းတို့က အမှတ်ပေးခဲ့ကြပြီး ဆုရရှိသူများကို ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။

စိုးသီဟ (အမရ)