ဗန်းမော်ခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအသိပညာပေးဟောပြောပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

ဗန်းမော်      ဒီဇင်ဘာ    ၈

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျောင်းသားကျောင်းသူများအား အသိပညာဗဟုသုတတိုးပွားလာစေရန်၊ မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်များကိုတန်ဖိုးထား ချစ်မြတ်နိုး တတ်စေရန်နှင့် ဉာဏ်ရည်ရည်သွေးများထက်မြက်လာစေရန်ရည်ရွယ်၍ (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ဒီဇင်ဘာ ၈ ရက် နံနက် ၉နာရီက ကျင်းပခဲ့ကြောင်းသိရသည်။

အသိပညာပေးဟောပြောပွဲတွင် ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးအောင်ကျော်ထွန်းက လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ သမိုင်း ကြောင်းနှင့် အတိတ်သမိုင်းကြောင်းနှင့်ယှဉ်ပြီး မိမိနိုင်ငံနှင့်လူမျိုးအပေါ် ချစ်မြတ်နိုးစိတ်များ အစဉ် ထာဝရ ကိန်းအောင်းစေရေး အသိပညာပေးဟောပြောခဲ့ပြီး  မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံတူ ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပခဲ့ရာ တက်ရောက်လာသည့် အမှတ်(၃) အခြေခံပညာမူလတန်းလွန်ကျောင်းမှ အလယ်တန်းအဆင့် (Grade-5,Grade-6) ကျောင်းသား၊ ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး   ပြိုင်ပွဲဝင်ကျောင်းသား ၊ကျောင်းသူများအား ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှခရိုင်ဦးစီးမှူး ဦးအောင်ကျော်ထွန်းက ဂုဏ်ပြု ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဗန်းမော်(ခရိုင်ပြန်/ဆက်)