ကျောက်ဆည် ဒီဇင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ကျောင်းသား၊ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက် စေရန်အတွက် ကျောင်းစာများအပြင်၊ စာပေလေ့လာဖတ်ရှုခြင်း အလေ့အကျင့်များဖြစ်စေရန်၊ စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများသိစေရန် ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆေးရောင်ချယ်ပြိုင်ပွဲများကို ယနေ့မွန်းလွဲ (၂)နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်နှင်းရီက ကျောင်းသား၊ ကျောင်သူများအနေဖြင့်ငယ်ရွယ်စဉ်အခါကပင် စာအုပ်၊စာပေများဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတ များ တိုးပွားစေကာ၊ ဗလငါးတန်ဖွံ့ဖြိုးပြီး အောင်မြင်မှုများရရှိစေရန်အတွက် ပြိုင်ပွဲများကျင်းပပြုလုပ်ခဲ့ကြောင်းနှင့် ပြိုင်ပွဲဝင်စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆေးရောင်ချယ်ပြိုင်ပွဲများ ဆက်လက်ကျင်းပပြုလုပ်ရာ အမှတ်(၃)အခြေခံ ပညာအထက်တန်းကျေင်းများမှ ကျောင်းသား၊ကျောင်းသူ(၄၅)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)