နောင်မွန်းမြို့၌ ပြည်သူများမိုးတွင်းရိက္ခာဖူလုံရေး တစ်လစာဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်

နောင်မွန်း ဒီဇင်ဘာ ၇

ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် ကချင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မိုးတွင်းရိက္ခာဖူလုံရေးအတွက် ‌လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ဒေသခံ ပြည်သူများအတွက် ထောက်ပံ့ပေးအပ်သည့် ဆန်ရိက္ခာ(၁)လစာအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြို့ပေါ်(၅)ရပ်ကွက်အတွက် ယမန်နေ့နံနက် ၁၀ နာရီတွင် လုံမောင်ခန်းမ၌ ဖြန့်‌ဝေပေးခဲ့‌ကြောင်း သိရသည်။
ထိုသို့ ဆန်ရိက္ခာများ ဖြန့်ဝေရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့်
ရပ်ကွက်‌ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများနှင့် အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနဝန်ထမ်းများက ရပ်ကွက်အလိုက် အိမ်ထောင်စုများစိစစ်၍ သယ်ယူစရိတ်အပါ တစ်ဦးလျှင် (၉၀၀၀)ကျပ် နှုန်းဖြင့် ဖြန့်ဝေပေးခဲ့ရာ မြို့ပေါ်ရပ်ကွက်နေ ပြည်သူ(၂၅၇၀)ဦးအတွက် ဆန်အိတ်(၂၁၀ )အိတ်ကို ဖြန့်ဝေ ပေးအပ်ခဲ့သည်။
ဆက်လက်၍ ဖြန့်‌ဝေရန်ကျန်ရှိနေသည့်‌ နောင်မွန်းမြို့နယ် ကျေးရွာအုပ်စုနေပြည်သူများအတွက် ထုံလာကျေးရွာအုပ်စု၊ ရပ်ဘော့ကျေးရွာအုပ်စု၊ ဘဘော့ကျေးရွာအုပ်စု၊ ဂတ်ထုကျေးရွာအုပ်စုနှင့် လန်ဆာကျေးရွာအုပ်စုများမှတစ်ဆင့် ဖြန့်ဝေသွားမည်ဖြစ်ကာ တောင်ပေါ်ကျေးရွာအုပ်စု (၅)အုပ်စုနှင့် ပန်နန်းဒင်မြို့‌နေ ပြည်သူများအတွက် ကော်လဲ့ကျေးရွာများမှ တစ်ဆင့်
 ပြည်သူအားလုံး ရရှိစေရန် ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး နောင်မွန်း မြို့နယ်အတွင်းတွင် စုစုပေါင်းလူဦးရေ(၈၃၁၄)ဦးအတွက် ဖြန်ဝေပေးသွားမည်ဖြစ်သည်။
မြို့နယ်(ပြန်/ဆက်)