တွံတေးခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပံ့ပိုးပေးအပ်သည့် Mobile Solar နှင့် Rain Gun အသုံးပြု Solar ရေတင်စနစ်သရုပ်ပြပွဲ အခမ်းအနားကျင်းပ

ဒလ ဒီဇင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်အတွင်းရှိ ဆောင်းသီးနှံ(နေကြာ) စိုက်ပျိုးမည့် တောင်သူများအတွက် စိုက်ပျိုးရေရှိရေး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပံ့ပိုးပေးအပ်သည့် Mobile Solar နှင့် Rain Gun အသုံးပြု၍ Solar ရေတင်စနစ်သရုပ်ပြပွဲ အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီ အချိန်က ဒလမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်ကျော်က ဆောင်းသီနှံ (နေကြာ)စိုက်ပျိုးခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ တွံတေးခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူးဦးနေဝင်းက နေကြာစိုက်တောင်သူများအား မြစိမ်းရောင်ချေးငွေ ပေးအပ်မည့် အစီအစဉ်အား ရှင်းလင်းပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဦးစည်သူကိုကိုက Mobile Solar အသုံးပြု၍ စိုက်ပျိုးရေ ရရှိရေးဆောင်ရွက်မှုနှင့် အကျိူးကျေးဇူများအား ရှင်းလင်းပြောကြားသည်။ ထို့နောက်တွံတေးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက Mobile Solar အသုံးပြု၍ ဆောင်းသီးနှံ(နေကြာ)နှင့် အခြားသီးနှံများ စိုက်ပျိုးရေရရှိရေး Solar ရေတင်စနစ်အား လက်တွေ့သရုပ်ပြသခဲ့ပြီး တက်ရောက်လာသော စိုက်ပျိုးတောင်သူများက သိရှိလိုသည့်မေးခွန်းများ မေးမြန်းဆွေးခဲ့ကြပြီး တွံတေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်ကျော်မှ နိဂုံးချုပ် အမှာစကားပြောကြား၍ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သတင်းရသည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်(၅)မြို့နယ်မှ စိုက်ပျိုးတောင်သူ(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြင့်ဇော်(ပြန်/ဆက်)