သာကေတမြို့နယ်ရှိ ဒေသဖွံ့ဖြိုးရေးများလုပ်ငန်းများ ဆောင်ရွက်မှုများအား တာဝန်ရှိသူများမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်

သာကေတ ဒီဇင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးစစ်ကြောင်းများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့၊ နေ့လယ်(၁:၀၀)နာရီ၌ ၃/ ရန်ပြေရပ်ကွက်၊ အမှတ်(၅)အခြေခံပညာမူလတန်းကျောင်၊ (KG)တန်း ရှိကျောင်းသား၊ကျောင်းသူ(၄၆)ဦး အား မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဝန်ထမ်းများမှ Body Mass Index(BMI) စစ်ဆေးခြင်း၊ အထွေထွေရောဂါရှာဖွေ စစ်ဆေးခြင်းတို့အား ဆောင်ရွက်ခဲ့သည်။   

အဆိုပါဆောင်ရွက်မှုအား ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဥက္ကဋ္ဌ ဦးအောင်လွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာဝင်းနှင့်အဖွဲ့ဝင်များမှ ကြည့်ရှုကာလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကာ ၁၀/ တောင်ရပ်ကွက်၊ နှစ်ကျိပ်ရှစ်ဆူဗဟိုဓမ္မာရုံ၌ ရပ်ကွက်(၉)ရက်ကွက်ရှိ ပြည်သူ့လုံခြုံရေး၊ အဖွဲ့ဝင်(၁၀၂)ဦးနှင့်တွေ့ဆုံကာ လုံခြုံရေးဆိုင်ရာကိစ္စရပ်များအား ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

​​ဆောင်းနှင်းဖြူ(ပြန်/ဆက်)