ဂွမြို့နယ်တွင် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ (အခမဲ့) ငှားရမ်းပေး

ဂွ   ဒီဇင်ဘာ  

ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဌာနဆိုင်ရာ ရုံးဝန်ထမ်းများနှင့် စာငှား/စာဖတ်ပရိတ်သတ်များအား စာပေဖတ်ရှုမှု အဆင်ပြေစေရန် မိုဘိုင်း စာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်စာစောင်များ (အခမဲ့) ငှားရမ်း ဝန်ဆောင်မှုပေးခြင်းကို ယနေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ရုံးဌာနများအရောက် သွားရောက်ငှားရမ်း ပေးခဲ့ သည်။

ထိုသို့ ငှားရမ်းပေးရာတွင် သုတ၊ ရသ၊ ဝတ္တုစာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များကို ကြာသာပတေးနေ့တိုင်း တစ်ပတ်လျှင် တစ်ရက်ငှားရမ်းပေးပြီး တစ်ပတ်ပြည့်လျှင် ပြန်လည် လဲလှယ်ငှားရမ်းပေးသည့် စနစ်ဖြင့် (အခမဲ့) ငှားရမ်း ဆောင်ရွက်ပေးလျက်ရှိသည်။

ရွှေရည်ဝင်းကျော်