မိုင်းရှူး ဒီဇင်ဘာ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် တီဘီရောဂါရှာဖွေကုသပေးခြင်းကို ယမန်နေ့နံနက်(၉) နာရီအချိန်က ပြည်သူ့ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးခဲ့သည်။
ယင်း တီဘီရောဂါရှာဖွေကုသပေးခြင်းကို တောင်ကြီးမြို့နယ် တီဘီတိုက်ဖျက်ရေးဌာနမှ တီဘီရောဂါအထူးကု ဆရာဝန်ကြီး ဒေါက်တာအိအိချော ဦးဆောင်သောအဖွဲ့နှင့် မိုင်းရှူးမြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ တီဘီရောဂါ ရှာဖွေကုသရေးအတွက် ဓါတ်မှန်ရိုက်ကူးခြင်း၊ သလိပ်ပိုးစစ်ဆေးခြင်း၊ သွေးဖောက်စစ်ဆေးခြင်းများကို ပြည်သူများအား အခမဲ့ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ တီဘီရောဂါရှာဖွေကုသပေးခြင်းကို မိုင်းရှူးမြို့နယ်အတွင်း ကျေးရွာကျေးလက်ကျန်းမာရေးဌာနနှင့် တိုက်နယ်ပြည်သူ့ဆေးရုံတို့တွင် ဒီဇင်ဘာ(၇)ရက်နေ့မှ (၁၁)ရက်အထိ နေ့အလိုက် ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)