ရမည်းသင်းမြို့နယ်တွင် စာဖတ်ရှိန်မြင့်တင်ရေး ကျောင်းသား၊ ကျောင်းသူများနှင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ

ရမည်းသင်း ဒီဇင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်သည့် အလေ့အကျင့်ကောင်းများနှင် စာပေအသိပညာများ ပြန်လည်မျှဝေတတ်စေရန် ကျောင်းသား၊ ကျောင်းသူများနှင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီခွဲက လူထုအခြေပြုဗဟိုဌာန   (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက စာဖတ်ရှိန်မြှင့်တင်ရေး ကျောင်းသားလူငယ်များ စာပေဖတ်ရှုသည့် အကျိုးကျေးဇူး၊ စာဖတ်သည့် အလေ့အကျင့်ကောင်း ရရှိစေပြီး အပြန်အလှန် ဆွေးနွေးတတ်စေရန်တို့ကို ရှင်းလင်းပြောကြားကာ အားလပ်ရက်များတွင် ရမည်းသင်းခရိုင် ပြည်သူ့စာကြည့်တိုက်ရှိ သုတ/ရသစာပေကောင်းများ လာရောက်ဖတ်ရှုကြရန် ရှင်းလင်း ပြောကြားသည်။

ထို့နောက် ပြန်ကြားရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကထုတ်ဝေသည့် ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာ (၁) ထုတ် ဒို့ကျေးရွာဂျာနယ် အတွဲ (၁၉)၊ အမှတ် (၂၃) မှ စာရေးဆရာ ပေါက်ပေါက် ရေးသားသည့် "ရာသီအကူးအပြောင်းနှင့် မပေါ့ဆသင့်သောရာသီတုပ်ကွေး" ဆောင်းပါကို ခရိုင်ပြန်/ဆက်၊ ခရိုင်ဦးစီးမှူးက ဖတ်ကြားရှင်းလင်းပြီး ကျောင်းသား၊ ကျောင်းသူများမှ တစ်ဦးချင်း ပြန်လည်ဆွေးနွေးခဲ့ပြီး အကောင်ဆုံးပြန်လည်ဆွေးနွေးနိုင်သည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရကျောင်းသုံးဗလာစာအုပ် ဂုဏ်ပြုဆုချီးမြှင့် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဇော်ဝင်းအောင် (ပြန်/ဆက်)