မိုင်းရယ်မြို့နယ် အ.ထ.က(ခွဲ)ဟိုယ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲပြုလုပ်

မိုင်းရယ်   ဒီဇင်ဘာ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က္ကဋ္ဌ၊ မြို့နယ် ပညာရေးမှူးရုံး၊ မြို့နယ်ရဲတပ်ဖွဲ့၊ ပဒေ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက အ.ထ.က(ခွဲ)ဟိုယ ကျောင်း၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာ ပေးဟောပြောပွဲကို ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က္ကဋ္ဌ ဦးစိုးမင်းအောင်က လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးအဖွင့်အမှာစကားကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးညွှန့်လှိုင်က မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ ပြန်/ဆက် ဦးစီးအရာရှိ ဒေါ်ခင်မာလာတို့က လူကုန်ကူးမှုတားဆီးကာကွယ်ရေး သိကောင်းစရာများကို လည်းကောင်း၊ မြို့နယ် ပဒေအရာရှိ ဦးဝေဖြိုးက လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးအန္တရာယ် ဆိုင်ရာ ပြစ်မှု၊ ပြစ်ဒဏ်များကိုလည်းကောင်း၊ မိခင်နှင့် ကလေးစောင့်ရှောက် ရေးအဖွဲ့က္ကဋ္ဌ ဒေါ်တင်ထွေးရီက ကျောင်းသား/သူများ သိသင့် သိထိုက်သည့် မူးယစ်ဆေးဝါး အန္တရာယ် သိကောင်းစရာများကိုလည်းကောင်း ဆွေးနွေးပြောကြားခဲ့ကြသည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးသီဟစိုးက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သိကောင်းစရာများကို ဟောပြောပြီး လက်တွေ့မီးငြိမ်းသတ်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းရယ်ပြန်/ဆက်