ရွာငံ ဒီဇင်ဘာ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးသူများနှင့် Booster First Dose ထိုးနှံထားရှိပြီး (၆)လပြည့်ပြီးသည့်သူများ၊ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ မြို့ဦးမင်္ဂလာကျောင်းကြီးနှင့် သတ်မှတ်စုရပ်တွင် ထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် ရဟန်းသံဃာများ၊ သာသနာ့နွယ်ဝင်များ၊ Complete dose (နှစ်ကြိမ်ပြည့်) ဆေးထိုးနှံထားသည့်(၆)လပြည့်ပြီး နိုင်ငံဝန်ထမ်းများ၊ Booster First Dose ထိုးနှံထားရှိပြီး(၆)လပြည့်ပြီးသူများအား ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ရွာငံဇုန်၊ ရေဦးဇုန်၊ မြိုင်ဇုန်၊ မြင်းကျဒိုးဇုန်၊ မြို့ကြီးဇုန်စသည့် ဇုန်(၅)နေရာဖြင့် သတ်မှတ်စုရပ်များတွင် ထိုးနှံပေးလျှက်ရှိသည်။ ပထမအကြိမ်၊ ဒုတိယအကြိမ် ဆေးထိုးနှံထားသည့် လက်မှတ်နှင့်တကွ နိုင်ငံသားစိစစ်ရေးကတ်ပြားပါ တစ်ပါတည်းယူဆောင်လာရပြီး သက်ဆိုင်ရာတာဝန်ရှိသူများက စာရင်းရေးသွင်းပေးခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန်တိုင်းပေးခြင်း၊ သွေးအတွင်းအောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုးသန့်