ဗဟန်း ဒီဇင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် ကျောင်းသားကျောင်းသူများ အခြေခံကျန်း မာရေးအသိပညာများ တိုးပွားလာစေရေးနှင့် ရှေးဦးပြုစုခြင်းများကို သိရှိနားလည်စေရန်ရည်ရွယ်၍ ယမန်နေ့၊ နံနက်ပိုင်းက မြို့နယ်ကြက်ခြေနီအသင်းနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အ.လ.က(၃)ဗဟန်း၊ ဆုပေးပွဲခန်းမတွင် ကျောင်းသား/ ကျောင်းသူများအား အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြန်မာနိုင်ကြက်ခြေနီအသင်း တိုင်းဦးစီးမှူး ဦးတင်ကိုကိုက ရှေးဦးပြုစုခြင်းဆိုင်ရာအချက်များကို ရှင်းလင်းပြောကြားပြီး ဗဟန်းမြို့နယ် ကြက်ခြေနီအသင်းတပ်ဖွဲ့မှူး ဦးအောင်ကိုဦးက ရှေးဦးပြုစုခြင်းဆိုင်ရာလုပ်ငန်းအဆင့်ဆင့်အား လက်တွေ့ သရုပ်ပြဆောင်ရွက်ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စန္ဒာမိုး (ပြန်/ ဆက်)