ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပြည်သူလူထူအတွက် တီဘီရောဂါနှင့် အထွေထွေရောဂါများ စစ်ဆေးကုသပေးခြင်း (အခမဲ့) ကွင်းဆင်းဆောင်ရွက်

ဒဂုံအရှေ့ ဒီဇင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်း တီဘီရောဂါတိုက်ဖျက်ရေးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ အမှတ်(၆)ရပ်ကွက် အလိုတော်ပြည့်ဓမ္မဗိမာန်တွင် ယမန်နေ့ နံနက်(၉)နာရီတွင် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ တီဘီရောဂါနှင့်အထွေထွေရောဂါများကို ခေတ်မီဓါတ်မှန်စက်ကြီးများနှင့် (အခမဲ့) ရောဂါရှာဖွေကာ ပြည်သူလူထူအတွက် ကုသပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကျန်းမာရေးစစ်ဆေးပေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရန်ကုန်တိုင်း တီဘီရောဂါတိုက်ဖျက်ရေးဝန်ထမ်းများ ပါဝင်သောအဖွဲ့ဝင်များက ရပ်ကွက်နေပြည်သူများအား တီဘီရောဂါနှင့် အထွေထွေရောဂါများကို ခေတ်မီဓာတ်မှန်စက်ကြီးများဖြင့် (အခမဲ့) ရောဂါရှာဖွေစစ်ဆေးကုသပေးခြင်းတို့အား ဆောင်ရွက်ပေးလျက်ရှိရာ ဒီဇင်ဘာလ (၇)ရက်နေ့တွင် ဓာတ်မှန်ရိုက်သူ (၇၁)ယောက်၊ သလိပ်စစ်(၈)ယောက်၊ population (၇၇၆၀) ယောက်အား ကွင်းဆင်းကုသပေးခဲ့ကြောင်း သတင်းရရှိသည်။

ဝင်းအိမွန်(ပြန်/ဆက်)