မူဆယ်မြို့အတွင်း သန့်ရှင်းသာယာလှပစေရန် ရေနုတ်မြောင်းများ တူးဖော်ရှင်းလင်း

မူဆယ် ဒီဇင်ဘာ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်တွင် ယနေ့နံနက် ၈ နာရီ ၃၀ မိနစ် အချိန်က မြို့တွင်းသန့်ရှင်းသာယာလှပစေရေးအတွက် မူဆယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ  သန့်ရှင်းရေးလုပ်ငန်းများကို  ရာသီမပျက် အလေးထား ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါ သန့်ရှင်းရေးများပြုလုပ်ရာတွင် မူဆယ်မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့တွင်းပြည်ထောင်စုလမ်းမကြီးတစ်လျှောက် လမ်းဘေးဝဲ/ယာရှိ ရေဆိုးမြောင်းများကို ရေစီး၊ ရေလာကောင်းမွန်လာစေရန် တစ်ဆို့နေသော အမှိုက်များ၊ ရပ်ကွက်များအတွင်းမှ စွန့်ပစ်ပစ္စည်းများကို ဆယ်ယူရှင်းလင်းပြီး စည်ပင်အမှိုက်ကားပေါ် တင်ဆောင်၍ စနစ်တကျ လုပ်ဆောင်ခဲ့ကြသည်။ ယင်းနောက် ပျက်စီးနေသော ရေဆိုးမြောင်းများကို ပြန်လည် ပြုပြင်ခြင်း၊ အမှိုက်များ/ခြုံများကို ခုတ်ထွင် ရှင်းလင်းခြင်း၊ ရေဆိုးမြောင်းများ အနိမ့်အမြင့် ရေစီး၊ ရေလာ ကောင်းမွန်စေရေးအတွက် ပိတ်ဆို့နေသော ရွှံများ/နုံးမြေများကို ဖယ်ရှားရှင်းလင်းခြင်းများ လုပ်ဆောင်ခဲ့ကြပါသည်။

ထို့ကြောင့် ပွင့်လင်းရာသီတွင် ပြည်ထောင်စုလမ်းမကြီး ဝဲ/ယာ အလယ်ရှိ အလှပန်းပင် လေးများကို ရေလောင်းခြင်း၊ ပေါင်းနုတ်ခြင်း၊ အပင်မျိုးအသစ်များ ထပ်မံ စိုက်ပျိုးခြင်းများ လုပ် ဆောင်ခဲ့ကြောင်း သိရှိရပါသည်။

ချယ်ရီမြေ(မူဆယ်)