ကျိုင်းတုံ ဒီဇင်ဘာ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက အမျိုးသမီးအိမ်တွင်းမှ သင်တန်းကျောင်း (ကျိုင်းတုံ)တွင် ကျင်းပသည်။
ဟောပြောပွဲတွင် အမှတ်(၁၈)၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(ကျိုင်းတုံ)မှ ဒုတိယရဲမှူး အောင်ကျော်ဇင်က လူကုန်ကူး/လူမှောင်ခိုအကြောင်း၊ လုံခြုံစိတ်ချရသော ပြောင်းရွှေ့သွားလာမှုဆိုင်ရာများ၊ လူကုန်ကူးမှုခံရနိုင်သည့် အခြေအနေများနှင့် အခြားမမျှော်မှန်းနိုင်သည့် အန္တရာယ်များ၊ ဥပဒေနှင့်ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကို အဆိုပါကျောင်းမှ သင်တန်းသူများအား အသိပညာပေး ဟောပြောဆွေးနွေးသည်။
ထို့နောက် အမှတ်(၁၈)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(ကျိုင်းတုံ)တပ်ဖွဲ့ဝင်များက သင်တန်းသူများအား လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)