ညောင်ဦး ဒီဇင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့တွင် မြန်မာနိုင်ငံဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊တို့၏ကြီးကြပ်မှုဖြင့် စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီရောင်းချခြင်းအား ယနေ့နံနက် ၈နာရီ အချိန်မှစတင်ပြီး ညောင်ဦးမြို့နယ် ရပ်ကွက်/ကျေးရွာများသို့ဆက်လက်ရောင်းချပေးနေကြောင်းသိရသည်။
ညောင်ဦးမြို့နေပြည်သူများ ချက်ပြုတ်စားသောက်မှုကိစ္စများ တစ်ဖက်တစ်လမ်းမှ အဆင်ပြေကြစေရန် မီးဖိုချောင်သုံးစားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ရာ လူတစ်ဦးလျှင် စားသုံးဆီ ငါးဆယ်သားကို ၂၄၀၀ ကျပ်နှုန်း ဖြင့်မည်သူမဆိုလွတ်လပ်စွာ ဝယ်ယူနိုင်ရေး ညောင်ဦးမြို့၊ အမှတ်(၅)သီရိပစ္စယာဓမ္မာရုံ အနီး၊ ညောင်ဦးမြို့၊အမှတ်(၁)၊ ရုံးညောင်ပင် ရပ်တို့တွင် Mobile ကားဖြင့်လိုက်လံရောင်းချလျက်ရှိကြောင်းသိရသည်။ အဆိုပါ Mobile ကားဖြင့်ရပ်ကွက်/ကျေးရွာနေပြည်သူများ လက်ဝယ်အရောက်ဈေးနှုန်းချိုသာစွာ ရောင်းချပေး လျက်ရှိရာ စားအုန်းဆီပိဿာချိန် ၁၁၀၀ ပိဿာရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။
ကိုကြေးမုံ