အမရပူရ ဒီဇင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တလင်းကြီးကျေးရွာအုပ်စု၊ တလင်းကြီးကျေးရွာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း VDP စီမံကိန်းဆောင်ရွက်ရန်နှင့် ကော်မတီဖွဲ့စည်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်ယနေ့နံနက် ၉ နာရီအချိန်က တလင်းကြီးကျေးရွာသာသနာ့ ဟိတကာရီ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အမရပူရခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ကျေးရွာဖွံ့ဖြိုးရေးအတွက် အားလုံးစုပေါင်းဆောင်ရွက်ရန်၊ကော်မတီဖွဲ့စည်းမှုကိုလည်း ဂရုစိုက်ဆောင်ရွက်ရန်စသည့်ဖြင့် အမှာစကားများ ပြောခဲ့သည်။
ဆက်လက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်ဆန်းဦး ကစီမံကိန်းနှင့် ပတ်သတ်သည့်အချက်များကို ရှင်းလင်းခဲ့ ပြီးကျေးရွာဖွံ့ဖြိုးရေးအတွက် ငွေကျပ်သိန်းတစ်ရာကို ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ချိန်တွင် ကျေးရွာ ဘဏ်အကောင့်သို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားသို့ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ၀န်ထမ်းများ၊ ဌာနဆိုင်ရာများနှင့်ကျေးရွာသူ/သားများ တက်ရောက်ခဲ့ကြသည်။
စိုးသီဟ(အမရ)