ကာလိ ဒီဇင်ဘာ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန အ.မ.က(မိုင်းယိုင်း) ကျောင်းတို့ ပူးပေါင်းပြီး ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ထင်ထင်ကျော်က ပြိုင်ပွဲများကျင်းပရခြင်းမှာ ကျောင်းသား/ကျောင်းသူများ ပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်လိုစိတ်ရှိ စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ စိတ်ပျော်ရွှင်ကြည်နူးစေရန်၊ စာကြည့်တိုက်ကို အသုံးပြုတက်စေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရန်၊ ဆေးရောင်များကို လှပစွာခြယ်တက်စေရန်၊ စာဖတ်သည့်အလေ့ကျင့်ကောင်းများရရှိပြီး ယဉ်ကျေးလိမ္မာပြီး ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်လူငယ်များဖြစ်ပေါ်လာစေရန် ရည်ရွယ်ပြီး ပြိုင်ပွဲများပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ(၃၀)ဦးခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ဆုများအသီးသီးချီးမြှင့်ကာ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် ကျောင်းသား/ ကျောင်းသူများကို မုန့်နှင့်အချိုရည်များဝေငှပေးခဲ့ကြောင်း သိရသည်။
ထင်ထင် (ကာလိ၊ပြန်/ဆက်)