မရမ်းကုန်းမြို့နယ်၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှား အထိမ်းအမှတ် အခမ်းအနားကျင်းပ

မရမ်းကုန်း ဒီဇင်ဘာ ၈

“အမျိုးသမီးများအပေါ်အကြမ်းဖက်မှုအဆုံးသတ်ရေးအားလုံးပေါင်းစုလှုပ်ရှားပေး” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးကော်မတီက ကြီးမှူးကျင်းပသော ၂၀၂၂ ခုနှစ်၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၉:၀၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်ရှိ အမျိုးသမီးကလေးများသင်တန်းကျောင်း(ရန်ကုန်)၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီဥက္ကဋ္ဌဦးအောင်ဝင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး အမျိုးများအပေါ်အကြမ်းဖက်မှုတိုက်ဖျက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအား video ဖြင့် ပြသဆောင်ရွက်ခဲ့သည်။

ထို့နောက် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုတိုက်ဖျက်ရေး(၁၆)ရက်တာလှုပ်ရှားမှုစကားဝိုင်း ဆက်လက်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အမျိုးသမီးရေးရာအဖွဲ့အတွင်းရေးမှူး၊ မရမ်းကုန်းခရိုင်ဥပဒေအရာရှိ၊ ခရိုင်ရဲတပ်မှူးရုံး ရဲမှူးနှင့်လူမှုဝန်ထမ်းဒုတိယညွှန်ကြားရေးမှူးများက ကျား၊ မရေးရာအခြေပြုအကြမ်းဖက်မှုများ၊ ပြဌာန်းထားသည့်ဥပဒေများ၊ တုံ့ပြန်ဆောင်ရွက်မှုအခြေအနေများနှင့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်စေရေး ကြိုတင်ကာကွယ်ဆောင်ရွက်မှုများအစရှိသည်တို့ကို အသိပညာရရှိရစေရေးဆွေးနွေးခဲ့ကြပြီး အခမ်းအနားသို့ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

အေးအေးအောင်(ပြန်/ဆက်)