မိုင်းနောင် ဒီဇင်ဘာ ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းနောင်မြို့တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ဓာတ်အားပြတ်တောက်မှု မရှိစေရေးအတွက် လမ်းမြေပေါ်ရောက်ရှိနေသော ဓာတ်တိုင်များရွေ့ပြောင်းနိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ၆၆/၁၁ ကေဗွီ မိုင်းနောင်ဓာတ်အားခွဲရုံထိန်းသိမ်းပြုပြင်ခြင်း၊ သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ဓာတ်အားပြတ်တောက်မှု မရှိစေရေးအတွက် ဓာတ်အားလိုင်းများနှင့်နီးကပ်သော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ လမ်းမြေပေါ်ရောက်ရှိနေသော ဓာတ်တိုင်များအား ရွေ့ပြောင်းနိုင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အမှတ်(၄)ရပ်ကွက် အတွင်းရှိ လမ်းမြေပေါ်ရောက်ရှိနေသော ဓာတ်တိုင်အား ရွေ့ပြောင်းနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းနောင်မြို့အတွင်းရှိ မိဘပြည်သူများ လျှပ်စစ်ဓာတ်အားများ အဆင်ပြေပြေသုံးစွဲနိုင်ရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး တို့အတွက် မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူထွန်း၊ လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးမိုးအောင်နှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မနန်း(မိုင်းနောင်)