သံဖြူဇရပ်မြို့နယ်၌ ဒေသဖွံဖြိုးရေးလုပ်ငန်းများနှင့် ပြည်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ဆက်လက်ကွင်းဆင်း ဆောင်ရွက်

သံဖြူဇရပ် ဒီဇင်ဘာ ၈

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ကျေးရွာနေပြည်သူများ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူတို့၏ လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းတွင် ပငကျေးရွာ အုပ်ချုပ်ရေးမှူးရုံးနှင့် မွန်းလွဲပိုင်းတွင် ဝယ်သွန်ချောင်ကျေးရွာ ဂျပန်ဘုရား (ဓမ္မာရုံ) တို့၌ ကွင်းဆင်း၍  ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံသည်။

ထိုသို့ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် မြိုနယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က  ကျေးရွာနေပြည် သူများအတွက် ရပ်ရွာ အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ပညာရေး၊ ကျောင်းများ ကောင်းမွန်စေရေးနှင့် ကျန်းမာရေး၊ လူမှုရေး၊ စိုက်ပျိုးမွေးမြူရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံနိုင်ရေး၊ လမ်းများ၊ စာသင်  လိုအပ်ချက်များရှိပါက တင်ပြနိုင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာများကို အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍  မြို့နယ်စီမံအုပ်ချုင်ရေးအဖွဲ့ အဖွဲ့ဝင်-၁ ဗိုလ်မှူး သက်ထွန်းဦးက နိုင်ငံရေးစစ်ကြောင်းအနေနှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ် ချပြရှင်းလင်းပြီး တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာများ ဆွေးနွေးသည်၊၊

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးရဲမှူး ခင်မောင်ထွန်းက လုံခြုံရေးဆိုင်ရာ လုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေးနှင့် ပစ်မှုဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး၊ မြို့နယ်စီမံအဖွဲ့ဝင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးက အိမ်ထောင်စု လူဦးရေသန်းခေါင် စာရင်းဆိုင်ရာအကြောင်းအရာများကို ပြောကြားပြီး၊ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများမှ မိမိကဏ္ဍအလိုက်တင်ပြ ဆွေးနွေးရာတက်ရောက်လာသည့် ကျေးရွာနေ ပြည်သူများ၏ တင်ပြ မေးမြန်းချက်များအပေါ်  သက်ဆိုင်ရာတာဝန်ရှိသူများမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှုးရုံးမှ မြို့နယ်ဦးစီးမှုးနှင့် ဝန်ထမ်းများက အိမ်ထောင်စုသန်းခေါင်စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဌာနမှ ကျေးရွာနေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးမှုနှင့် ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေးအေးသီ(ပြန်/ဆက်)