မိုင်းယုမြို့၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး (Talk Show)ဆွေးနွေး

မိုင်းယု ဒီဇင်ဘာ  ၈

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယမန့်နေ့ ညနေပိုင်းက အဆိုပါရုံး၏ လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးအားချာ၊ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်နန်းကောင်ကျောက်၊ ရုပ်သံကျွမ်းကျင်-၃ ဦးနေဝင်းတို့က မူးယစ်ဆေးဝါးအန္တရာယ်တို့ရန်စွယ်၊ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၏ ဆိုးကျိုးများ၊ သုံးစွဲမိသူတို့အတွက် အန္တရာယ်မှလွတ်မြောက်ရန် နည်းလမ်းများနှင့် မူးယစ်ဆေးဝါး ရောင်း/ဝယ်သူတို့အတွက် ထိုက်သင့်သည့် ပြစ်မှုပြစ်ဒဏ်များစသည့်တို့ကို ဆွေးနွေးခဲ့ကြသည်။

လူငယ်လူရွယ်များ အပေါင်းအသင်းတို့ကြောင့် စမ်းသပ်ကြခြင်း၊ စိတ်နာကျင်မှုကြောင့် သက်သာစေရန်ပြုလုပ်ကြခြင်း၊ မိသားစုအခြေအနေများ၊ ငွေကြေးမြောက်များစွာ ရရှိလိုခြင်းအလို့ငှာ ရောင်း/ ဝယ်မှုပြုလုပ်ကြခြင်း၊ သောကဒုက္ခများ ပြေပျောက်လျော့နည်းစေရန်အတွက် ပြုလုပ်ကြခြင်း၊ လုပ်ငန်းပင်ပမ်း နွမ်းနယ်မှုကြောင့် မူးယစ်များကို စမ်းသပ်မိကြခြင်းများ မဖြစ်ပေါ်စေရန်နှင့် မူးယစ်ဆေးဝါးသည့် နည်းမျိုးစုံဖြင့် ဖျက်ဆီးလွှမ်းမိုး နေလျက်ရှိရာ လူငယ်များ လမ်းမှားမရောက်မိကြစေရန်အတွက် ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

ကိုကိုနိုင်