အမရပူရမြို့၊ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး စကားပုံဆက်ပြိုင်ပွဲကျင်းပ

အမရပူရ ဒီဇင်ဘာ ၇

ကလေးသူငယ်များ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ပြုလုပ်သည့် စကားပုံဆက်ပြိုင်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီက အမရပူရမြို့နယ်ရုံး Community Centre ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

စကားပုံဆက်ပြိုင်ပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်သည့်ရည်ရွယ်ချက်များကို ဦးစီးအရာရှိ ဒေါ်တင်တင်လှက ရှင်းလင်းပြောကြားပြီးနောက် ပြိုင်ပွဲကို ဆက်လက်ပြုလုပ်ရာ ကျောင်းသား/ကျောင်းသူများက ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။

အဆိုပါပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စွာပါဝင်ယှဥ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲဝင်ကျောင်းသား၊ကျောင်းသူလေးများကို အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရန်၊ ကာယဉာဏစွမ်းအားများ တိုးပွားလာစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ၊ ပြပွဲများကို ပြုလုပ်ပေးလျက်ရှိကြောင်းနှင့် အားလပ်ချိန်များတွင် စာကြည့်တိုက်၌ စာအုပ်စာပေများ လာရောက်ဖတ်ရှုနိုင်ကြောင်း အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)