အင်းစိန်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လူကုန်ကူးမှု အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပ

အင်းစိန် ဒီဇင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ လူကုန်ကူးမှုအန္တရာယ်အကြောင်း သိရှိနိုင်စေရန်ရည်ရွယ်၍  လူကုန်ကူးမှု အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၉) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပ ပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်နှင့် ဦးစီးအရာရှိ ဒေါ်ခင်နှင်းကြည်၊ အင်းစိန်မြို့နယ်၊ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းနှင့် သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးဘိုကြည် (ဒေါက်တာ ဗိုလ်သံမဏီ-တောင်တွင်းကြီး) တို့က လူကုန်ကူးခံရသည့်အကြောင်း၊ လူကုန်ကူးမှုကျူးလွန်ပါက ပြစ်မှုပြစ်ဒဏ်များ အကြောင်း၊ လူကုန်ကူးမခံရအောင် သတိထားရမည့် အချက်များအ​ကြောင်း၊ လူကုန်ကူးမှု အမျိုးအစားများ၊ လူကုန်ကူးသူများ၏ စုဆောင်းသည့် နည်းလမ်းများအကြောင်းနှင့် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး သိကောင်းစရာများကို ပြည့်စုံစွာဆွေးနွေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်  Online မှ တစ်ဆင့် ထုတ်လွှင့်တင်ဆက် ပေးမည်​ဖြစ်​ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)