မိုင်းတုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနရှိ Community Centre ခန်းမ၌ စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းမှ စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲပြုလုပ်

မိုင်းတုံ  ဒီဇင်ဘာ  ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနရှိ Community Centre ခန်းမတွင် စာရေးဆရာနတ်သျှင်၏ "အနာဂတ်ကို မျှော်တွေးပါ" စာအုပ်ကို ယမန်နေ့ ၂ နာရီ ၂၀ အချိန်ကစာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

 အဆိုပါစာဖတ်ဝိုင်းတွင်  မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီအရာရှိ ဒေါ်ဝင်းဝင်းခိုင်က စာဖတ်ဝိုင်းပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (BOOK CLUB) အသင်းဝင် မောင်အာကာဟိန်းက ဦးဆောင်၍ စာရေးဆရာအောင်သင်း၏  "အနာဂတ်ကို မျှော်တွေးပါ" စာအုပ်ထဲမှ ‌‌ ပတ်သက်၍ ဆွေးနွေးခဲ့သည် ။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများမှ စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းမှ စာဖတ်ဝိုင်းသို့တက်‌ ရောက်လာသူများကို စာအုပ်စာစောင်များ၊ မှတ်တမ်းဓာတ်ပုံများ ပြသ‌ပေးခဲ့ကြောင်း သိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)