မိုင်းယောင်း ဒီဇင်ဘာ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး Talk Show ကို ယမန်နေ့နံနက် ၈ နာရီက ပြန်ကြားကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းပန်က သဘာဝပတ်ဝန်းကျင်သည် လူသားတို့ ရှင်သန်ရပ်တည်ရေးအတွက် အထောက်အကူပြုသည့် ဂေဟစနစ်ကြီးဖြစ်ကြောင်း၊ ဖန်လုံအိမ်ဓာတ်ငွေ့များသည် ကမ္ဘာကြီးအား ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်ပေးနေသော ကမ္ဘာ့လေထုကို တဖြည်းဖြည်းပျက်စီးစေကြောင်း၊ အိုဇုန်းလွှာပျက်စီးခြင်းကြောင့် ကမ္ဘာကြီးပူနွေးလာပြီး ပတ်ဝန်းကျင်ဂေဟစနစ်များလည်း ပျက်စီးလာကာ ရာသီဥတုပြောင်းလဲ၍ သဘာဝဘေးအန္တရာယ်များကို ဖြစ်ပေါ်စေကြောင်း ဆွေးနွေးသည်။
ထို့နောက် ရုပ်သံကျွမ်းကျင်-၃ ဒေါ်နန်းစီဖေါင်း၊ အငယ်တန်းစာရေး ဦးထွန်းမြင့်လှိုင်နှင့် လုပ်သားရုပ်သံ ဒေါ်ဝေဝေခိုင်တို့က ရာသီဥတုပြောင်းလဲခြင်းဒဏ်ကို ကမ္ဘာ့နိုင်ငံအများစုမှ ခံစားနေကြရာ မြန်မာနိုင်ငံသည်လည်း တစ်နိုင်ငံအပါအဝင်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်နိုင်ခြေရှိသည့် ဒေသများတွင် ကြိုတင်ပြင်ဆင်ကာကွယ်မှုများကို ဆောင်ရွက်ပြီး ပျက်စီးဆုံးရှုံးမှု လျှော့ချနိုင်အောင် ကြိုတင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကမ္ဘာကြီး ပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲမှုများ လျော့ကျ၍ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု မရှိစေရန် လူတိုင်းထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် ဆိုးရွားသောသဘာဝဘေးဒဏ်များ ကျရောက်ခြင်းမှ ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။
စိုင်းအောင်ဇော်လင်း