မဟာအောင်မြေ ဒီဇင်ဘာ ၇
မန္တလခရိုင်၊ မဟာအောင်မြေမြို့နယ်တွင် အားကစားပွဲတော်အတွက် မြို့နယ်ပေါင်းစုံ ဘောလီဘော အားကစားလူရွေးချယ်ပွဲကို ယမန်းနေ့နံနက်ပိုင်းက အ.ထ.က (၁၃) ကျောင်းတွင် ခေါ်ယူရွေးချယ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဘောလီဘောလူရွေးချယ်ပွဲကို ပဏာမလက်ရွေးစင်အတွက် ကျောင်းသား အားကစားသမားများကို အ.ထ.က (၁၃) ကျောင်းမှ (၁) ယောက်၊ အ.ထ.က (၂၄) ကျောင်းမှ (၃) ယောက်၊ အ.လ.က (၂၈) ကျောင်းမှ (၃)ယောက်နှင့် ကျောင်းသူအားကစားသမားများကို အ.ထ.က (၁၃) ကျောင်းမှ (၅) ယောက်၊ အ.ထ.က (၂၄) ကျောင်းမှ (၄) ယောက်စုစုပေါင်း (၁၆) ယောက်အား ပဏာမလက်ရွေးစင်အဖြစ်ရွေးချယ်ထားပြီး ဒီဇင်ဘာ (၁၃) ရက်နေ့တွင် မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ် အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေးမြို့) တွင် မန္တလေးမြို့ရှိ (၇) မြို့နယ်မှ တစ်မြို့နယ်လျှင် ကျောင်းသား (၆)ဦး၊ ကျောင်းသူ (၆) ဦး၊ စုစုပေါင်း (၈၄) ဦးတို့ဖြင့် ကျောင်းသားအားကစားပွဲတော် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇော်မင်း