ကျောက်ဖြူခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့မှ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းအစီအစဉ် အား မိတ်ဆက်ရှင်းလင်းခြင်းနှင့် ဖြန့်ဝေခြင်းအခမ်းအနားပြုလုပ်

ကျောက်ဖြူ  ဒီဇင်ဘာ 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့မှ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းအစီအစဉ်အား မိတ်ဆက်ရှင်းလင်းခြင်းနှင့် ဖြန့်ဝေခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ကျောက်ဖြူခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်က အဖွင့်အမှာစကားပြောကြားပြီး လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းအစီအစဉ်များကို မိတ်ဆက်ရှင်းလင်းပေးကာ တက်ရောက်လာကြသည့် လူကုန်ကူးမှုတားဆီးကာ ကွယ်ရေးအဖွဲ့ဝင်များကို လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေး ဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်း အစီအစဉ်များအား ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်အမျိုးသမီး ရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း