ပေါက်တော ဒီဇင်ဘာ ၇
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်၊ စာငှားသူများ အဆင်ပြေစေရေးနှင့် စာပေဖတ်ရှုမှု မြင့်မားရေးအတွက် ယနေ့ညနေပိုင်းက ပေါက်တောမြို့ရှိ ဦးမြဝါပန်းခြံတွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင် ပုံမှန်ငှားရမ်းပေးကြသည်။
အဆိုပါ Mobile Library စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းခြင်းကြောင့် စာပေဖတ်ရှုသူများ အတွက် အချိန်ကုန်သက်သာခြင်း၊ မိမိဖတ်ရှုလိုသည့် စာအုပ်များကို အလွယ်တကူဖတ်ရှုနိုင်ခြင်း၊ စာပေချစ်မြတ်နိုး သူများအတွက် အဆင်ပြေလျက်ရှိကြသည်။
ထို့ပြင် စာပေဖတ်ရှုမှုမြှင့်မားလာစေရေးနှင့် စာအုပ်စာပေမှ ဗဟုသုတရရှိစေရန်အတွက် ပေါက်တော မြို့အတွင်းရှိ ဌာနဆိုင်ရာများနှင့် ရပ်ကွက်များသို့ သုတ၊ ရသ စာအုပ်စာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နယ်လှည့်ကွင်းဆင်း၍ ငှားရမ်းပေးလျက်ရှိကြသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)