မြောက်ဦးမြို့ အောင်မင်္ဂလာကျောင်းတိုက်မှ ရဟန်းသံဃာတော်များနှင့် သီလရှင်များအား ဆွမ်းဆန်စိမ်း လောင်းလှူ

မြောက်ဦး  ဒီဇင်ဘာ 

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်းအတွင်း၌ သီတင်းသုံး နေထိုင်တော်မှုကြကုန်သော ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တပညာသာမိနှင့် သံဃာတော်များ၊ သာသနာ့ နွယ်ဝင်သီလရှင်များနှင့် ယောဂီများ တရားကျင့်ကြံပွားများအားထုတ်ရာ၌ ဆွမ်းအဆင်ပြေစေရေး အတွက် မြို့ပေါ်ရပ်ကွက်နေပြည်သူများမှ ယနေ့ညနေ နာရီခွဲက  ဆွမ်းဆန်စိမ်းလောင်းလှူ ကုသိုလ် ဒါနပြု လောင်းလှူခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွမ်းဆန်စိမ်းလှူဒါန်းလောင်းလှူရာ ဆရာတော်သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် ယောဂီသူတော်စင်များမှ မိမိတို့အိမ်ရှေ့အရောက် မြို့တစ်ပတ်လှည့်လည်၍ ဆွမ်းဆန်တော် အလှူခံလှည့်လည်ရာ မြို့ပေါ်ရပ်ကွက်များဖြစ်သည့် အောင်တပ်၊ မြို့သစ်၊ အောင်မင်္ဂလာနှင့် ဗန္ဓုလ ရပ်ကွက်နေစေတနာရှင် ကုသိုလ်ရှင်၊ ပါရမီရှင် အလှူရှင်ပြည်သူများက နေ့ဆွမ်းနှင့် အာရုံဆွမ်း အဆင်ပြေစေရေးအတွက် ဆွမ်းဆန်တော်များလှူဒါန်း လောင်းလှူခဲ့ကြောင်း သိရသည်။

မြင့်စိုး စိုးငြိမ်းနိုင် (ပြန်/ဆက်)