မိုးကုတ် ဒီဇင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး ဆောင်ရွက်ခြင်းအနေဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကား ဝိုင်းကျင်းပပြုလုပ်ခြင်းကို ယနေ့နံနက် (၁၀) နာရီက မိုးကုတ်မြို့၊ အထက (၁) ကျောင်းရှိ မြသီတာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးဝင်းအောင်က အခမ်းအနား အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကြည်ကြည်နွဲ့က လူငယ်စကားဝိုင်းပြုလုပ်သည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြား ခဲ့သည်။
ဆက်လက်ပြီး အထက-၃ကျောင်းမှ (G-10) ကျောင်းသား မောင်နေလင်းကိုက လူငယ်နှင့် ကျန်းမာရေး၊ အထက-၁ကျောင်းမှ (G-10) ကျောင်းသူ မဆုမြတ်စံက လူငယ်နှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်ရေး၊ အထက-၄ကျောင်းမှ (G-9) ကျောင်းသား မောင်သန့်ဇင်မိုးက လူငယ်နှင့်မူးယစ်ဆေးဝါး၊ အထက-၄ ကျောင်းမှ (G-9) ကျောင်းသူ မခင်ရတနာကျော်စိုးက လူငယ်နှင့်စာရိတ္တ ၊ အထကကျပ်ပြင်ကျောင်းမှ (G-10)ကျောင်းသား မောင်ကျော်ခန့်အောင်က လူငယ်နှင့်ရည်မှန်းချက်၊ အထက ကျပ်ပြင်ကျောင်းမှ (G-11) ကျောင်းသူ မယွန်းနဒီက လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး စသည့်ခေါင်းစဉ်များဖြင့် အသီးသီး ဆွေးနွေခဲ့ကြရာ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများမှ သိလိုသည်များကို ပြန်လည် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ လူငယ်စကားဝိုင်းကို မြို့နယ်ကျောင်းပေါင်းစုံမှ အထက်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ (၆ )ဦးမှ အကြောင်းအရာ (၆) မျိုးကို ဦးဆောင်နွေးခဲ့ကြပြီး ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူ (၂၅၀) ကျော် တက်ရောက်ခဲ့ကြရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လွတ်လပ်ရေးနေ့အကြို စာအုပ်၊ စာစောင်များ ခင်းကျင်းပြသ ခဲ့ကြောင်း သိရသည်။
နန်းခွာညိုနှင်း(ပြန်/ဆက်)