ညောင်ဦး ဒီဇင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်နေသော တောင်ဇင်းတိုက်နယ် ကောင်းပင်စီကျေးရွာစာသင် ကျောင်းသို့ ယနေ့နံနက် ၉ နာရီအချိန်က ဝေမျှခြင်း ပရဟိတ(ရန်ကုန်)မှ သောက်သုံးရေသွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဝေမျှခြင်းပရဟိတမိသားစု (ရန်ကုန်)မှ ကောင်းပင်စီကျောင်းသို့သောက်သုံး ရေဂါလံ ၁၆၀၀ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း၊ ဝေမျှခြင်းပရဟိတအသင်းအနေဖြင့် ညောင်ဦးမြို့နယ်အတွင်း ယခုနှစ် မိုးရွာသွန်းမှုနည်းပါးပြီး ကျေးရွာများမှီခိုအားထားနေသည့် မြေသားရေလှောင် ကန်များအတွင်း ရေဝင်ရောက်မှုနဲပါးခြင်းများကြောင့် ဝေမျှခြင်းပရဟိတ(ရန်ကုန်)အသင်းမှ သောက်သုံးရေလိုအပ်နေသည့်ကျေးရွာ/တဲတိုက်၊ စာသင်ကျောင်းများသို့ သောက်သုံးရေ လှူဒါန်းပေးနေခြင်းဖြစ်ကြောင်းသိရသည်။
ကောင်းပင်စီကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား၊ကျောင်းသူ(၄၀)ကျော် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ကိုကြေးမုံ