တံတားဦးမြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေ း(၁၆) ရက်တာလှုပ်ရှားမှု ကျား/မရေးရာ အခြေပြု အကြမ်းဖက်မှု(GBV) အသိပညာပေး ဟောပြောပွဲကျင်းပ

တံတားဦး ဒီဇင်ဘာ ၇

တံတားဦးခရိုင် တံတားဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ရတနာထွန်းခန်းမ၌ တံတားဦးခရိုင် အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းပြီး ယနေ့နံနက် (၁၀) နာရီက အမျိုးသမီးများအပေါ်  အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု ကျား/မရေးရာ အခြေပြုအကြမ်းဖက်မှု (GBV) အသိပညာပေး ဟောပြောပွဲကျင်းပကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးကိုကိုမောင်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အကြောင်းကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဦးသက်ဖြိုးအောင်က ကျောင်းသား/သူများအနေဖြင့် အကြမ်းဖက်မှုမှ ကာကွယ်စေရေး ဝတ်စားဆင်ယင်မှု ၊ အနေအထိုင်နှင့် အပြုအမူများကို စနစ်တကျ ဝတ်ဆင်နေထိုင် သွားလာကြစေလိုကြောင်း ၊ (၁၀)ကျော်သက်အရွယ်များတွင် စိတ်လှုပ်ရှားလွယ်ခြင်း၊ စူးစမ်းခြင်းနှင့် ထင်ပေါ်ကျော်ကြားခြင်းများ ဖြစ်လေ့ ဖြစ်ထရှိသောကြောင့် အကြမ်းဖက်မှု မခံရစေရေးကိုကြိုတင်ရှောင်ရှား နေထိုင်ကြရန်လိုကြောင်း၊ ဒါ့အပြင် ကျားမရေးရာအပေါ် အခြေခံသည့် စိတ်သဘောထားမပါဘဲ ခန္ဓာကိုယ်ပိုင်းကိုဖြစ်စေ၊ စိတ်ပိုင်းကိုဖြစ်စေ ဖွံ့ဖြိုး တိုးတက်မှုများကို ထိခိုက်နစ်နာအောင် ပြုလုပ်သော အပြုအမူများသည် အကြမ်းဖက်မှုဖြစ်ကြာင်း၊ အကြမ်းဖက်မှုများခံရပါက အမျိုးသမီးများအတွက် ကာကွယ်ပေးထားသော ဥပဒေများရှိသည်ကို သိရှိရန်လို ကြောင်း အသိပညာပေး ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ တံတားဦးခရိုင် အမျိုးသမီးရေးအဖွဲ့အဖွဲ့ဝင်များ၊ တံတားဦးမြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်မေစပါယ်အောင်နှင့်  အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/မများ၊ ကျောင်းသား/သူများ၊ စုစုပေါင်းအင်အား (၂၀၀) ဦး တက်ရောက်ကြကြောင်း သိရသည်။

ရဲတင့်