ကျောက်ဆည် ဒီဇင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆောင်းရာသီ၌ ဒေသတွင်း စားသုံးဆီ ဖူလုံပိုလျှံရေး မြေပဲ၊ နှမ်း၊ နေကြာနှင့် အခြားဆီထွက်သီးနှံများ စိုက်ပျိုးထားရှိရာ ဆောင်းမြေပဲ (၂၉၆)ဧက စိုက်ပျိုးနိုင်ပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မြေပဲသီးနှံသည် သဲနှုန်းဆန်သည့် မြေနုများတွင် ကောင်းစွာဖြစ်ထွန်းပြီး တစ်ဧကစိုက်ပျိုးမည်ဆိုပါက မြေပဲအတောင့် (၆)တင်း အသုံးပြုရကြောင်း ကုန်ကျစရိတ်အနေဖြင့် မျိုးစေ့ကုန်ကျငွေ (၁၇၅၀၀၀)ကျပ်၊ မြေပြင် ထွန်၊ ထယ်စရိတ်၊ မြေခံမြေဆီ၊ ပိုးမွှားနှိမ်နင်းကာကွယ်ဆေး၊ ပေါင်းရှင်းခ ကုန်ကျငွေ(၁၃၁၀၀၀)ကျပ်ခန့် ကုန်ကျပြီး မြေအမျိုးအစား၊ ရာသီဥတုနှင့် အပင်အပြုအစုအပေါ်မူတည်ပြီး တစ်ဧက (၄၄)တင်းမှ (၅၁)တင်းအထိထွက်ရှိကြောင်းနှင့် ဈေးကွက်တွင် မြေပဲတစ်တင်းလျှင် ငွေကျပ်(၂၅၀၀၀)ဖြင့် ရောင်းချရသဖြင့် မြေပဲစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သံရွာကျေးရွာမှ ဦးမျိုးထွန်းက ပြောပြသည်။
ကျောက်ဆည်မြို့နယ်တွင် ဒေသနှင့်ကိုက်ညီသော ရေဆင်း(၁၁)မြေပဲမျိုးများ အဓိထားပြီး ပန်းခွာ-ကျီးပြ-သင်ပျို-ကျီးအိပ်-ဒွေးလှ-ငါးဆူ-ရှားပင်-ဒါန်းတိုင်-ရန်ဘက်လို-ပေတော-ဘုံကွင်း-စင်းကွန်း-ဖျောက်ဆိပ်ပင်-ရွာသစ်-ရေသရောက်-ချောင်းဆုံ-သရက်ပင်-ရဲ-ကြောင်-ဇရစ်ခဲ-အုန်းကြော-ကြက်သားဟင်း-ဆူလေကုန်း-ပေါက်ပ်ကွေ့-မြေစိုမိုး-ပဲခင်း-ပေါင်လောင်-တောင်တော်-ကင်း ကျေးရွာအုပ်စုများတွင် (၂၉၆)ဧက စိုက်ပျိုးထားကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရပြီး စိုက်ခင်းများအောင်မြင်စေရေး စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများနှင့် ပူးပေါင်းပြီး နည်းပညာများကူညီပေးလျက်ရှိကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)