ငါန်းဇွန် ဒီဇင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀နာရီက မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ဦးဆောင်ကျင်းပသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု GBV အသိပညာပေးအစီအစဉ်အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ဉပဒေအရာရှိ ဦးရဲထက်နိုင်က ကျား၊ မရေးရာအခြေပြု အကြမ်းဖက်မှုနှင့် ပတ်သက်၍ ဉပဒေ၊ နည်းဉပဒေများ ရှင်းလင်းဆွေးနွေးပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက နိုဝင်ဘာ ၂၅ ရက်နေ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများ အပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့မှစပြီး ဒီဇင်ဘာ ၁၀ ရက်နေ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အထိ ၁၆ ရက်တာကာလ လှုပ်ရှားမှုအဖြစ် ကျား၊ မရေးရာအခြေပြု အကြမ်းဖက်မှု GBV အသိပညာပေး အခမ်းအနားကျင်ပရခြင်းဖြစ်ကြောင်း၊ ကိုယ်တိုင်ရင်ဆိုင်ကြုံတွေ့လာသောအခါ အခက်အခဲများကို မှန်မှန်ကန်ကန်နည်းလမ်းဖြင့် ဖြေရှင်းနိုင်ကြစေဖို့ အမျိုးအမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ရက်တာ လှုပ်ရှားမှု အသိပညာပေး ဆွေးနွေးပြောကြားသည်။
ထို့နောက် မြို့နယ်အမျိုးသမီးရေးရာဉက္က ဒေါ်မြင့်မြင့်ခိုင်က အမျိုးသမီးများအပေါ်အကြမ်းဖက်မှု GBV အသိပညာပေးအစီအစဉ်၏ ရည်ရွယ်ချက်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသည့် ငါန်းဇွန်မြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူများအတွက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ထောက်ပံ့ပစ္စည်းများအဖြစ် အမျိုးသမီးလစဉ်သုံး၊ ဗလာစာအုပ်နှင့် Mask များပေးအပ်ရာ ဆရာမများမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)