ဘူးသီးတောင်မြို့တွင်စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ (အခမဲ့)ငှားရမ်းပေး

ဘူးသီးတောင် ဒီဇင်ဘာ ၇

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့ညနေပိုင်းက မြို့နယ်မိခင်နှင့် ကလေးစောင်းရှောက်ရေးရုံးနှင့် မြို့နယ်စည်ပင်သာယာရေး ရုံးဝန်ထမ်းများအား (အခမဲ့)ငှားရမ်းပေးခဲ့ကြောင်းသိရသည်။

ထိုသို့ စာအုပ်၊ စာစောင်များအခမဲ့ငှားရမ်းပေးရာတွင် ဘူးသီးတောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများကစာကြည့်တိုက်သို့ အလုပ်မအားလပ်၍ မလာရောက်နိုင်သည့် ဝန်ထမ်းများနှင့် စာဖတ်ပရိတ်သတ်ပြည်သူများအားအသိပညာ ဗဟုသုတတိုး ပွားစေရေးနှင့် စာအုပ်စာပေများကို ဖတ်ရှုသည့်အလေ့အထကောင်းများ ရရှိစေရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးရည်ရွယ်ပြီး သုတ၊ ရသစာအုပ်များကို နှစ်ပတ်ငှားစနစ်ဖြင့် ငှားရမ်းပေးခဲ့သည်။

အဆိုပါ မိုဘိုင်းစနစ်ဖြင့်စာအုပ်၊ စာစောင်များအခမဲ့ငှားရမ်းပေးခြင်းကို နှစ်ပတ်ပြည့်လျှင် စာအုပ်၊ စာစောင်အသစ်များဖြင့် လဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှကျော်(ပြန်/ဆက်)