ဗန်းမော်မြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်

ဗန်းမော် ဒီဇင်ဘာ ၇

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အသိပညာပေး Talk Showကို ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဗန်းမော်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နေ့လယ်  ၁ နာရီတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေး Talk Show တွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက အကြမ်းဖက်ခြင်းရဲ့ အဓိပ္ပာယ်၊ အကြမ်းဖက်ခြင်းအမျိုးအစားများ၊ အကြမ်းဖက်မှုဖြစ်ပွားရသော အခြေခံအကြောင်းအရာများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုဖြစ်ပေါ်လာပုံများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတွေ ပပျောက်ဖို့အတွက် နိုင်ငံတော်အဆင့်/ ပြည်နယ်/ တိုင်းဒေသကြီး အဆင့်/ခရိုင်နှင့် မြို့နယ်အဆင့်အလိုက် ဆောင်ရွက်နေမှု အခြေအနေများ၊ အမျိုးသမီး များအပေါ် အကြမ်းဖက်မှု ပပျောက်ရေးအတွက် ဆောင်ရွက်သင့်သည့် အကြံပြုချက်များကို မေးမြန်း ခဲ့ရာ ဗန်းမော်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာဦးက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုနှင့်သက်ဆိုင်သည့် အချက် အလက်များကို အကျယ်တဝင့် ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရှိရသည်။

ခရိုင်ပြန်/ဆက်