ခရိုင်အဆင့် လူကုန်ကူးမှုတားဆီးရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ညောင်ဦး  ဒီဇင်ဘာ  ၇        

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၊ ခရိုင်အဆင့်လူကုန်ကူးမှုတားဆီးရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ညောင်ဦးခရိုင်၊ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၁ နာရီအချိန်က လူကုန်ကူးမှုတားဆီးရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပခဲ့ကြောင်း သိရသည်။

လူကုန်ကူးမှုတားဆီးရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ညောင်ဦးရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင့်ကအဖွင့်အမှာစကား ပြောကြားကာ လူကုန်ကူးမှုတား ဆီးကာကွယ်ရေး အဖွဲ့တွင်ပါဝင်ကြသည့် ခရိုင်အဆင့်ဌာနဆိုင်ရာများက တစ်ဦးချင်းမိတ်ဆက်ကြပြီးနောက် ညောင်ဦးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး မြအောင်က ခရိုင်လူ ကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များအား ရှင်းလင်းညှိနှိုင်းဆွေး‌ နွေးပြောကြားသည်။ ခရိုင်အဆင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များအား လုပ်ငန်းညှိနှိုင်းအစည်း အဝေးတက်ရောက်ကြသည့် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများမှ တစ်ဦးချင်းဆွေးနွေးကြ ပြီးဆုံးဖြတ်ချက်၊ ဆောင် ရွက်ရန်ကိစ္စရပ်များအား ဆွေးနွေးညှိနှိုင်းခဲ့ကြောင်းသိရကာ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်မှ နိဂုံးချုပ်စကားပြေားကြားခဲ့ကြောင်းသိရသည်။

ကိုကြေးမုံ