မုဒုံတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာဖတ်စွမ်းရည် ပြိုင်ပွဲများကျင်းပ

မုဒုံ    ဒီဇင်ဘာ   ၇

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပညာရေးဌာနနှင့်ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာ စောင်ပြပွဲနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့က အ.မ.က ကော့ဟပရောက်နှင့် ကျောင်းနောက်ရပ်စာသင်ကျောင်းများ၌ ကျင်းပသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးက ဟောပြောပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိဒေါ်မိုးမိုးစန္ဒာထွန်းက ကျောင်းသား/ ကျောင်းသူများ အတွေးအခေါ်မြင့်မားလာစေရေး၊ ကျောင်းစာအပြင် အခြားအသိပညာဗဟုသုတများနှင့် ဉာဏ်ရည်ဉာဏ်သွေးမြင့်မားလာစေရန် စာပေလေ့လာဖတ်ရှုကြစေရေး၊ ယာဉ်စည်းကမ်း လမ်းစည်ကမ်းဆိုင်ရာများ၊ ကလေးအလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို ဟောပြောသည်။

ထို့နောက် ကျောင်းသား/သူများ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်ပြီး အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲများကိုပြသရာ ကျောင်းသား/ သူများမှ စိတ်ဝင်တစား လေ့လာကြည့်ရှု မှတ်သားခဲ့ကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)