မုဒုံ ဒီဇင်ဘာ ၇
မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းရှိ တောင်သူများစပါးသီးနှံစိုက်ပျိုးမှုနှင့် အခြားစိုက်ပျိုးရေးကဏ္ဍများ၌ အောင်မြင်ဖြစ်ထွန်းစေရန် မြန်မာ့ရေနံနှင့်ဓာတုဗေဒလုပ်ငန်းမှ ထုတ်လုပ်သည့် ယူရီးယားဓာတ်မြေသြဇာကို ပြည်နယ်အစိုးရ၏ လမ်းညွှန်မှုဖြင့် ယနေ့နံနက် ၈ နာရီက ရောင်းချပေးသည်။
စိုက်ပျိုးရေးသွင်းအားစုတစ်ခုဖြစ်သည့် ဓာတ်မြေသြဇာများကို ၂၀၂၂ ခုနှစ် နွေစပါး ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာများတွင် စိုက်ပျိုးမည့်တောင်သူများကို သက်သာသောစျေးနှုန်းဖြင့်ရောင်းချပေးခြင်းဖြစ်ကြောင်း၊ နွေစပါးအပါအဝင် ဆောင်းသီးနှံနှင့် အခြားဆီထွက်သီးနှံပင်များတွင်လည်း ဒေသခံတောင်သူများ မိမိတို့၏လယ်ယာဥယျာဉ်ခြံမြေအတွက်လိုအပ်သည့် ယူရီးယားဓာတ်မြေသြဇာများကို အချိန်ကိုက်အချိုးကျအဆင်ပြေစွာထည့်သွင်းနိုင်ခြင်းဖြင့် သီးနှံအထွက်နှုန်း ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါ ယူရီးယားဓာတ်မြေသြဇာများကို မြို့နယ်အတွင်းရှိ ဘက်စုံအဆင့်မြင့်နည်းပညာသုံး နွေစပါးစိုက်ပျိုးမည့် ဘဲရမ်းနှင့်ကွမ်တာကျေးရွာမှ လယ်ဧက ၃၀၀ အတွက် တောင်သူဦးရေ ၅၇ ဦးအား ယူရီးယားဓာတ်မြေသြဇာအိတ် ၃၀၀ ကို တစ်အိတ်လျှင် ၃၂၆၀၀ ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရှိရသည်။
သားငယ် (ပြန်/ဆက်)