လှိုင်သာယာ(အနောက်ပိုင်း) ဒီဇင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၈)ရပ်ကွက်၊ အေးရိပ်သာဓမ္မာရုံတွင် အမျိုးသမီးများအကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်(၉:၃၀)က ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌက ဒေါ်နွယ်နွယ်ဝင်းမှအဖွင့်အမှာစကားပြောကြားပြီး မြန်မာ့နိုင်ငံကြက်ခြေနီအသင်း၊ ကျန်းမာရေးဌာနမှ ဒုညွှန်ကြားရေးဒေါက်တာမျိုးတင့်အောင်မှ (၁၆)ရက်တာလှုပ်ရှားမှုစီမံကိန်းတွင် ထည့်သွင်းဆောင်ရွက်ရမည့်ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာ့နိုင်ငံကြက်ခြေနီအသင်းရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာနစီမံကိန်းမန်နေဂျာဦးထွန်းလွင်ဦးမှ (၁၆)ရက်တာလှုပ်ရှားမှုသမိုင်းကြောင်းများအား ရှင်းလင်းပြောကြားခဲ့သည်ကို တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။
မြင့်ဇော်(ပြန်/ဆက်)