ကျောက်ပန်းတောင်း ဒီဇင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့၏ ဦးဆောင်မှုဖြင့်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဥပဒေနှင့် ပညာရေးဌာနတို့ ပူးပေါင်းပါဝင်၍ အမျိုးသမီးများအပေါ် အကြမ်ဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု ကျား/မရေးရာအခြေပြု အကြမ်ဖက်မှု GVB အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက (၉) နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ပညာဂုဏ်ရောင် ဓမ္မာရုံတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်အမျိုးအသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းဝေက အခမ်းအနား ကျင်းပပြုလုပ် ရသည့် ရည်ရွယ်ချက်များနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်က နိုဝင်ဘာ (၂၅) ရက်နေ့မှ ဒီဇင်ဘာ(၁၀)ရက်နေ့ အထိ(၁၆)ရက်တာကို ဖဲကြိုးဖြူ လှုပ်ရှားမှုအဖြစ် စတင်ပေါ်ပေါက်လာပုံသမိုင်းကြောင်းနှင့် ၂၀၁၈ ခုနှစ်မှစတင်၍ အမျိုးသမီးများအပေါ် အကြမ်းဖက်ရပ်တန့်ရေး အမျိုးသမီးများအသံ နားထောင်ပေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက် ရပ်တန့်ရေးဥပဒေပြုခြင်းက ကာကွယ်ပေးစသည့် ဆောင်ပုဒ်များနှင့် (၁၆) ရက်တာ လှုပ်ရှားမှုကို ကျင်းပခြင်းဖြစ်ကြောင်း ဟောပြောသည်။ ယင်းနောက် မြို့နယ်ဥပဒေအရာရှိ ဦးသွယ်ကိုလတ်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှု/အိမ်တွင်းအကြမ်းဖက်မှုနှင့် သက်ဆိုင်သည့် ဥပဒေရေးရာများ၊ အမျိုးသမီးများအတွက် အကာအကွယ်ပေးထားသည့် ဥပဒေဆိုင်ရာအခွင့်အရေးများကို အသိပညာပေး ရှင်းလင်းဟောပြောပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းဝေနှင့် အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်နှင့် ဝန်ထမ်းများ၊ မြို့နယ်ဥပဒေအရာရှိ ဦးသွယ်ကိုလတ်၊ မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၇၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)