ရွှေပြည်သာမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်နှင့်အားကစားဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ

ရွှေပြည်သာ ဒီဇင်ဘာ ၇

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုများ ရရှိတိုးပွားစေရန် Onlineမှ တစ်ဆင့် ပုံပြင်များ၊ ကဗျာများ၊ စာအုပ်မိတ်ဆက်ခြင်းများ၊ အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ရိုက်ကူးတင် ဆက်ပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်နှင့်အားကစားဆိုင်ရာအသိပညာပေး (Talk Show) ကျင်းပခဲ့ကြောင်းသည်။

အသိပညာပေးဆွေးနွေးပွဲတွင် ရွှေပြည်သာမြို့နယ် ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမိုးနှင့် စာရေးဆရာအယ်ဒီတာ ဦးသူရဇော် (ဉာတ္ထစရိယာ)တို့က လူငယ်နှင့်အားကစားဆိုင်ရာများအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း(ရွှေပြည်သာ)